📱 အက်ပ် Update များကို အလိုအလျောက် ‌ဒေါင်းလုဒ်ဆွဲပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐⭐ 🧑 🆓 2021-09-25

စဥ်းစားပုံစဥ်းစားနည်း

အလိုအလျောက် updates များသည် သင့် အက်ပ်များအတွက် နောက်ဆုံးသော လုံခြုံရေးဆိုင်ရာ ပြုပြင်မှုများ သင်တွင် အမြဲရှိနေစေရန် သေချာအောင်ပြုလုပ်ပေးသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဟက်ကာများမှ သင့် အက်ပ်လီကေးရှင်းများ၏ သိရှိပြီးသား အားနည်းချက်များကို အသုံးမချနိုင်တော့ပါ။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

1. အလိုအလျောက် Updates များကို ဖွင့်ပါ။

🤖 ANDROID တွင်
1. Google Play ကို ဖွင့်ပါ။
2. ညာဘက်အပေါ်ထောင့်ရှိ ကိုယ်ရေးမှတ်တမ်း icon ကို နှိပ်ပါ။
3. Settings ကို နှိပ်ပါ။ ထို့နောက် Network Preferences အား နှိပ်ပြီးနောက် Auto-update apps ကို နှိပ်ပါ။
4. ရွေးချယ်စရာကို ရွေးပါ။
1. WiFi အား ဘယ်သောအခါမျှ မချိတ်ဆက်ပါက - "Over any network to update apps using either Wi-Fi or mobile data" အား ရွေးပါ။
2. WiFi အား တစ်ခါတစ်ရံ ချိတ်ဆက်ပါက - "Over Wi-Fi only to update apps only when connected to Wi-Fi." အား ရွေးပါ။

Pasted image 20210608140452.png

🍏 iOS တွင်
1. Settings သို့ သွားပါ။
2. App Store ကို နှိပ်ပါ။
3. App Updates ကို "on" သို့ ပြောင်း၍ ဖွင့်ပါ။

Pasted image 20210608140343.png

2. အက်ပ်အကာအကွယ်ကို ဖွင့်ပါ။

🤖 ANDROID တွင်
1. Google Play အား ဖွင့်ပါ။
2. Menu ကို နှိပ်ပါ။ ထို့နောက် Play Protect အား နှိပ်ပြီး Settings ကို နှိပ်ပါ။
3. Scan apps with Play Protect ကို "On" သို့ ပြောင်း၍ ဖွင့်ပါ။

🍏 iOS တွင် သင် သတ်မှတ်ပြီးသားဖြစ်သည်။

Source : Google, Apple