📱 Android - XiaoMi တွင် အပြိုင်တည်ရှိနေသော အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ပါ။

Last updated on : 2021-10-16

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. XiaoMi တွင် "အပြိုင်တည်ရှိနေသော အက်ပ်များ"ဝန်ဆောင်မှု ကို "Dual Apps" ဟု ခေါ်သည်။
  2. အပြိုင်တည်ရှိနေသောအက်ပ်များ ဝန်ဆောင်မှုသည် တူညီသော စာတိုပေးပို့မှု အက်ပ်တစ်ခုအတွက် မတူသော အကောင့်နှစ်ခု ဖန်တီးနိုင်ရန် ခွင့်ပြုထားသည်။
  3. အချို့သောအက်ပ်များသည် "Dual Apps" နှင့် သဟဇာတဖြစ်မည်မဟုတ်ပါ၊ သို့သော် ၎င်းတို့သည် အသုံးပြု၍ရသော အက်ပ်များစာရင်းမှ ဖုံးကွယ်ခံထားလိမ့်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ၎င်းအား ရှာမတွေ့ပါက အကြောင်းရင်းသည် ဖော်ပြပါအရာကြောင့်ဖြစ်သည်။

သင်ဘာပြင်ဆင်သင့်သလဲ

  1. ယခု ညွှန်ကြားချက်များသည် XiaoMi ၏ OS ဖြစ်သော MIUI 10၊ 11 နှင့် 12 ဗားရှင်းများအတွက် အကျုံးဝင်သည်။ ထို့ကြောင့် အကယ်၍ သင့်ဖုန်း ဗားရှင်းသည် နှိမ့်နေပါက အဆင့်မြှင့်တင်ပါ။

သင်ဘာလုပ်သင့်သလဲ

1. Dual Apps တွင် အက်ပ်ကို ဖွင့်ပါ။

  1. Settings -> Apps သို့ သွားပါ။
  2. "Dual Apps" ကို နှိပ်ပါ။
  3. Dual Apps ပံ့ပိုးမှု ဖွင့်ထားပြီးသော အက်ပ်ပလီကေးရှင်း စာရင်းကို သင်တွေ့ရလိမ့်မည်။
  4. သင် Dual Apps လုပ်ဆောင်မှု အသုံးပြုလိုသော အက်ပ်၏ ဘေးရှိ ခလုတ်အား ပြောင်းပါ။
  5. Turn on ကို နှိပ်ပါ။
  6. ယခု သင့်ဖုန်းတွင် အက်ပ်၏ ဗားရှင်း နှစ်ခုကို သင်မြင်တွေ့ရမည်ဖြစ်သည်။

Pasted image 20210609032349.png

ပုံတူပွားပြီးသောအခါ သင်သည် အက်ပ်တစ်ခုတည်းကိုပင် ဗားရှင်းနှစ်မျိုး မြင်တွေ့ရမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့်ပုံအတိုင်း တစ်ခုမှာ ‌ရွှေရောင် "Dual App" icon ဖြင့် ဖြစ်ပြီး အခြားတစ်ခုမှာ ပုံမှန် icon အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

Pasted image 20210609032403.png

ရွှေရောင် "Dual App" icon ဖြင့် အက်ပ်သည် အသစ်ဖြစ်ပြီး အသုံးပြုရန်အတွက် နောက်ထပ်တစ်ခါ ပြင်ဆင်ခြင်း ပြုလုပ်ရမည်။ ပုံမှန် icon ဖြင့် အက်ပ်အား သာမာန်အသုံးပြုသလိုအသုံးပြု၍ရမည်ဖြစ်သည်။

2. အက်ပ်၏ icon ကို ပြောင်းပါ။

ဤအရာအား သင်ရွေးချယ်နိုင်သည်။ သို့သော် ရှာဖွေရန် ပို၍ ခက်ခဲအောင် ဒုတိယ အက်ပ်၏ icon နှင့် အမည်အား ပြောင်းလဲရန် 📱 Android - မည်သည့် Android တွင် မဆို အက်ပ်များကို ဖုံးကွယ်ပါ။ တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ရန် စဥ်းစားဆုံးဖြတ်ပါ။

Sources : Mi