📱 Android - Samsung တွင် အပြိုင်တည်ရှိနေသော အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ပါ။

Last updated on : 2021-10-14

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. Samsung တွင် "အပြိုင်တည်ရှိနေသော အက်ပ်များ" ကို "Dual Messenger" ဟု ခေါ်သည်။
  2. Dual Messenger ဝန်ဆောင်မှုသည် တူညီသော စာတိုပေးပို့မှု အက်ပ်တစ်ခုအတွက် မတူသော အကောင့်နှစ်ခု ဖန်တီးနိုင်ရန် ခွင့်ပြုထားသည်။
  3. ထို ဝန်ဆောင်မှုကို ဖွင့်လိုက်ပါက ပွင့်နေသော အကောင့် နှစ်ခု မှ သင့် ကြိုက်နှစ်သစ်ရာ အကောင့်တစ်ခု မှ/သို့ သင့်အနေဖြင့် စာတိုများ ပေးပို့ခြင်း၊ လက်ခံခြင်းများ ပြုလုပ်နိုင်သည်။ ဒုတိယ အက်ပ် icon သည် အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် Home စကရင်တွင် ပေါ်လာလိမ့်မည်။
  4. ဤအရာဖြင့် ၎င်း ဝန်ဆောင်မှုမှ ပံ့ပိုးပေးထားသော အက်ပ်များကိုသာ ပုံတူပွားနိုင်ရန် ဝန်ဆောင်မှုပေးထားသည်။ - Facebook၊ WhatsApp တို့ကို ပံ့ပိုးပေးထားပြီး အခြားသော အက်ပ်များကို မပံ့ပိုးပေးထားပါ။

သင်ဘာလုပ်သင့်သလဲ

1. Dual Messenger သို့ အက်ပ်ကို ထည့်သွင်းပါ။

အက်ပ်၏ ဗားရှင်း နှစ်ခုစလုံးကို အသုံးပြုရန်အတွက် အက်ပ်၏ ဒုတိယ ဗားရှင်းတွင် သီးခြား အထောက်အထားအချက်အလက်အား သင် အသုံးပြုထားသည်ကို သေချာအောင်ပြုလုပ်ပါ။

  1. Settings မီနူး သို့သွားပါ။ > ထိုမှ Advanced features သို့ သွားပါ။ အောက်သို့ဆွဲချပြီး "Dual Messenger" ကို နှိပ်ပါ။

Pasted image 20210609025031.png

  1. Dual Messenger နှင့် သဟဇာတဖြစ်၍ အသုံးပြု၍ရသော အက်ပ်များ စာရင်းအား ပြသထားပေလိမ့်မည်။ သင် သီးခြား အကောင့်တစ်ခုအသုံးပြုလို‌သော အက်ပ်၏ ဘေးရှိ ခလုတ်အား ပြောင်းပါ။ Install ကို နှိပ်ပါ။

Pasted image 20210609025057.png

  1. ဆက်လက်လုပ်ဆောင်ရန် Confirm ကို နှိပ်ပါ။

Pasted image 20210609025112.png

ဒုတိယ အက်ပ် icon ၏ ညာဘက်အောက်ထောင့်တွင် Dual Messenger ၏ အမှတ်အသား ပေါ်နေလိမ့်မည်ဖြစ်သည်။

သင် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိပါက Samsung မှ တရားဝင် ညွှန်ကြားချက်များလည်း ရှိသည်။

2. အဆက်အသွယ် စာရင်းများအား သီးခြားအသုံးပြုပါ။

အက်ပ်နှစ်ခုကြားတွင် သင့် အဆက်အသွယ်များကို သီးသန့် သီးခြား ထိန်းသိမ်းထားရန် အတွက်

  1. Settings - Advanced features - Dual Messenger သို့ သွားပါ။
  2. "Use separate contacts list" ရွေးချယ်စရာအား ဖွင့်လိုက်ပါ။

Pasted image 20210609025209.png

3. အက်ပ်၏ icon ကို ပြောင်းပါ။

ဤအရာအား သင်ရွေးချယ်နိုင်သည်။ သို့သော် ရှာဖွေရန် ပို၍ ခက်ခဲအောင် ဒုတိယ အက်ပ်၏ icon နှင့် အမည်အား ပြောင်းလဲရန် 📱 Android - မည်သည့် Android တွင် မဆို အက်ပ်များကို ဖုံးကွယ်ပါ။ တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ရန် စဥ်းစားဆုံးဖြတ်ပါ။