📱 Android - OnePlus တွင် အပြိုင်တည်ရှိနေသော အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ပါ။
Last updated on : 2021-10-16
ညွှန်ကြားချက်များ
သင်ဘာသိသင့်သလဲ
- အပြိုင်တည်ရှိနေသောအက်ပ်များ ဝန်ဆောင်မှုသည် တူညီသော စာတိုပေးပို့မှု အက်ပ်တစ်ခုအတွက် မတူသော အကောင့်နှစ်ခု ဖန်တီးနိုင်ရန် ခွင့်ပြုထားသည်။
- ဤအရာဖြင့် ၎င်း ဝန်ဆောင်မှုမှ ပံ့ပိုးပေးထားသော အက်ပ်များကိုသာ ပုံတူပွားနိုင်ရန် ဝန်ဆောင်မှုပေးထားသည်။ - Facebook၊ WhatsApp တို့ကို ပံ့ပိုးပေးထားပြီး အခြားသော အက်ပ်များကို မပံ့ပိုးပေးထားပါ။
သင်ဘာပြင်ဆင်သင့်သလဲ
- သင့် Oneplus 5 သို့မဟုတ် ၎င်း အထက် အား Android 10.0 သို့မဟုတ် ၎င်းနှင့်အထက် သို့ အဆင့်မြှင့်တင်ထားသည်ကို သေချာအောင်ပြုလုပ်ပါ။ အဆင့်မြှင့်တင်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် အပြိုင်တည်ရှိနေသော နေရာသည် Android Oreo (10) နှင့် ၎င်း၏ နောက်ပိုင်း OS များဖြင့်သာ ဝင်ရောက်အသုံးပြု၍ရသည်။
သင်ဘာလုပ်သင့်သလဲ
1. အပြိုင်တည်ရှိနေသောအက်ပ်များသို့ အက်ပ်ကို ထည့်သွင်းပါ။
- Settings သို့ သွားပါ။
- "Utilities" ကို နှိပ်ပါ။
- "Parallel Apps" ကို နှိပ်ပါ။
- အပြိုင်တည်ရှိနေသောအက်ပ်များအဖြစ် သင်ဖွင့်လိုသောအက်ပ်များအတွက် စာရင်းတွင် တွေ့သောအခါ ခလုတ်ကို ပြောင်း၍ ဖွင့်ပါ။
ပုံတူပွားပြီးသောအခါ သင်သည် အက်ပ်တစ်ခုတည်းကိုပင် ဗားရှင်းနှစ်မျိုး မြင်တွေ့ရမည်ဖြစ်သည်။ အထက်ပါပုံတွင်ဖော်ပြထားသည့်အတိုင်း တစ်ခုမှာ ရွှေရောင်စက်ဝန်း icon ဖြင့် ဖြစ်ပြီး အခြားတစ်ခုမှာ ပုံမှန် icon အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
ရွှေရောင်စက်ဝန်း icon ဖြင့် အက်ပ်သည် အသစ်ဖြစ်ပြီး အသုံးပြုရန်အတွက် နောက်ထပ်တစ်ခါ ပြင်ဆင်ခြင်း ပြုလုပ်ရမည်။ ပုံမှန် icon ဖြင့် အက်ပ်အား သာမာန်အသုံးပြုသလိုအသုံးပြု၍ရမည်ဖြစ်သည်။
2. အက်ပ်၏ icon ကို ပြောင်းပါ။
ဤအရာအား သင်ရွေးချယ်နိုင်သည်။ သို့သော် ရှာဖွေရန် ပို၍ ခက်ခဲအောင် ဒုတိယ အက်ပ်၏ icon နှင့် အမည်အား ပြောင်းလဲရန် 📱 Android - မည်သည့် Android တွင် မဆို အက်ပ်များကို ဖုံးကွယ်ပါ။ တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ရန် စဥ်းစားဆုံးဖြတ်ပါ။
Sources : HowToShout