📱 Android - Samsung သို့မဟုတ် LG တွင် အက်ပ်များကို ဖုံးကွယ်ပါ။

Last updated on : 2021-10-10

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

Samsung သို့မဟုတ် LG သည် အခြေခံ အက်ပ်ဖုံးကွယ်ခြင်း ဝန်ဆောင်မှုသာပေးထားသည်။ သင်၏ အက်ပ်များ ပြသထားသည့်နေရာမှသာ ၎င်းအား ဖုံးကွယ်ပေးသည်။ သို့သော် ရှာဖွေခြင်းပြုလုပ်ပါက ၎င်းအား ဖော်ပြပေးနေသေးသည်။

အက်ပ်တစ်ခုကို ဖုံးကွယ်ရန်
1. သင့် home စကရင်ပေါ်တွင် လစ်လပ်နေသောနေရာတစ်ခုခုပေါ်တွင် ကြာရှည်စွာ ဖိနှိပ်ပါ။
2. ညာဘက်အပေါ်ထောင့်တွင်ရှိသော home စကရင် ဆက်တင်များအတွက် ခလုတ်ကို နှိပ်ပါ။
3. ထို မီနူးအား အောက်သို့ဆွဲချ၍ "Hide apps." ကို နှိပ်ပါ။
4. ပေါ်လာသော မီနူးထဲတွင် သင်ဖုံးကွယ်လိုသော အက်ပ်များကို ရွေးပြီးနောက် "Apply." ကို နှိပ်ပါ။

ဖုံးကွယ်ထားသော အက်ပ်များကို အသုံးပြုရန်အတွက် ၎င်းတို့၏ အမည်အား ရှာဖွေခြင်းဖြင့် သင် တွေ့ရှိနိင်ပါသေးသည်။ သို့မဟုတ် အောက်တွင်ဖော်ပြထားသည့်အတိုင်း Hidden app စာရင်းထဲတွင်လည်း သွားရောက်ရှာဖွေနိုင်ပါသည်။

Pasted image 20210608185316.png

အကယ်၍ သင် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိပါက WikiHow လမ်းညွှန်အတိုင်းလိုက်လံဆောင်ရွက်ပါ။ သို့မဟုတ် 📱 အက်ပ် Icon အမည်ကို ပြောင်းလဲပါ။မှ လမ်းညွှန်ချက်များကို အသုံးပြုပါ။