📱 Android - OnePlus သို့မဟုတ် Oppo တွင် အက်ပ်များကို ဖုံးကွယ်ပါ။
Last updated on : 2021-10-10
အရေးကြီးသည်။
ထိုဖုန်းများကို ထုတ်လုပ်သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ထဲတွင် ရှိနေသည်။ - အကယ်၍ သင့်အား ရန်ပြုလိုသူများတွင် တရုတ်အာဏာပိုင်များ ပါဝင်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထုတ်လုပ်ထားသခြင်းမဟုတ်သည့် ဖုန်းဖြင့် သင့်ဖုန်းအား အစားထိုးသင့်သည်။ သို့မဟုတ် အနည်းဆုံး(အဆင့်မြင့်အတွက်သာ
👩💻) ပြင်ပမှ ယုံကြည်ရသော ROM တစ်ခုခုကို ထည့်သွင်းခြင်း။
ညွှန်ကြားချက်များ
သင်ဘာလုပ်သင့်သလဲ
OnePlus သို့မဟုတ် Oppo ရွေးချယ်စရာသည် အတော်လေး အဆင့်မြင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အက်ပ် vault တစ်ခုကို ပွားထားခြင်းကြောင့်ဖြစ်သည်။ - ဆိုလိုသည်မှာ အက်ပ်သည် "Hidden Space" ထဲတွင်ရှိနေချိန်တွင် သင်အနေဖြင့် ၎င်းအား ထပ်ဆောင်း စကားဝှက် စကရင်တစ်ခုဖြင့် အကာအကွယ်ပြုနိုင်သည်။ ၎င်းသည် သင့်ဖုန်းအား လော့ခ်ဖွင့်သော PIN ကုဒ်ဖြင့် အတူတူပင်ဖြစ်သည်။
အက်ပ်တစ်ခုကို ဖုံးကွယ်ရန်
1. သင့်ဖုန်းအား ယူ၍ လော့ခ်ဖွင့်ပါ။
2. OnePlus home စကရင်အား ဖွင့်ရန် home ခလုတ်ကို နှိပ်ပါ။
3. သင့် App drawer ကို ဖွင့်မည့်အစား စကရင်၏ အလယ်ဗဟိုတွင် လက်နှစ်ချောင်းတင်လိုက်ပါ။
4. ထို့နောက် Oneplus Hidden space ကို ဖွင့်ရန် ထိုလက်နှစ်ချောင်းကို အပြင်ဘက်သို့ ဆွဲပါ။ တစ်ခုခုအား အနီးကပ်ဆွဲကြည့်သောအခါ ပြုလုပ်ရသည့်အတိုင်း ပြုလုပ်ပါ။
5. ညာဘက်အပေါ်ထောင့် သို့မဟုတ် အောက်ထောင့်တွင်ရှိသော ‘+‘ အပေါင်း icon ကို နှိပ်ပါ။
6. သင့်ဖုန်းတွင် install လုပ်ထားသေ အက်ပ်များအားလုံးပေါ်လာလိမ့်မည်ဖြစ်သည်။ Gallery၊ Photos၊ Videos၊ WhatsApp၊ စသည်ဖြင့် သင့်ဖုံးကွယ်လိုသော အက်ပ်များကို ရွေးပါ။
- Hidden space အတွက် စကားဝှက်တစ်ခု သတ်မှတ်ခြင်းသည် မိမိရွေးချယ်မှုပင်ဖြစ်သည်။ သို့သော် အကယ်၍ သင်အကာအကွယ်ပို၍လိုချင်ပါက ညာယက်အပေါ်ထောင့်တွင် ရှိသော အစက်သုံးစက်ကို နှိပ်ပြီး “Enable Password“ ကို ရွေးလိုက်ရုံသာဖြစ်သည်။ သင်၏ လက်ရှိအသုံးပြုလျက်ရှိသော ဖုန်းအားလော့ခ်ချသည့် pattern ကို ဖုံးကွယ်ထားသော အက်ပ်များကို ကာကွယ်ရန်အသုံးပြုသွားမည်ဖြစ်သည်။
- ပြီးပါပြီ။
ဖုံးကွယ်ထားသော အက်ပ်များကို အသုံးပြုရန်အတွက် သင်ဖန်တီးထားသော Hidden space သို့ ပြန်သွားပြီး အက်ပ်ကို ထိုနေရာမှ ဖွင့်ပါ။
အကယ်၍ သင် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိပါက H2S Media လမ်းညွှန်အတိုင်းလိုက်လံဆောင်ရွက်ပါ။ သို့မဟုတ် 📱 အက်ပ် Icon အမည်ကို ပြောင်းလဲပါ။မှ လမ်းညွှန်ချက်များကို အသုံးပြုပါ။