📱 Android - Huawei တွင် အက်ပ်များကို ဖုံးကွယ်ပါ။

Last updated on : 2021-10-10

အရေးကြီးသည်။

ထိုဖုန်းများကို ထုတ်လုပ်သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ထဲတွင် ရှိနေသည်။ - အကယ်၍ သင့်အား ရန်ပြုလိုသူများတွင် တရုတ်အာဏာပိုင်များ ပါဝင်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထုတ်လုပ်ထားသခြင်းမဟုတ်သည့် ဖုန်းဖြင့် သင့်ဖုန်းအား အစားထိုးသင့်သည်။ သို့မဟုတ် အနည်းဆုံး(အဆင့်မြင့်အတွက်သာ 👩‍💻) ပြင်ပမှ ယုံကြည်ရသော ROM တစ်ခုခုကို ထည့်သွင်းခြင်း။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

Huawei တွင် သင်၏ အက်ပ်များကို အကာအကွယ်ပေးရန် App Lock၊ App Twin နှင့် PrivateSpace ဆိုပြီး ဝန်ဆောင်မှုများရှိပါသည်။ * App Lock - အက်ပ်တစ်ခုကို ဖွင့်သောအခါ PIN ကုဒ်လိုအပ်သည်။ * App Twin - အက်ပ်တစ်ခုကို ပုံတူပွားခြင်း * PrivateSpace - အက်ပ်ပလီကေးရှင်းများကို အခြားအကောင့်တစ်ခုဖြင့် သို့မဟုတ် အခြားသောအဆက်အသွယ်များဖြင့် သို့မဟုတ် ကနဦးအကောင့်မှ မတူညီသော အဆက်အသွယ်များဖြင့် ဖုံးကွယ်ထားရန် သီးသန့်နေရာတစ်ခု။

သင့်အက်ပ်များကို ဖုံးကွယ်ထားရန် ကျွန်ုပ်တို့ PrivateSpace အား အသုံးပြုသွားမည်ဖြစ်သည်။

သင်ဘာလုပ်သင့်သလဲ

မှတ်ချက် ဤနည်းလမ်းသည် ဒေါင်းလုဒ်မဆွဲရသေးသော အက်ပ်များအတွက်သာ အလုပ်ဖြစ်သည်။ အကယ်၍ သင်လက်ရှိအသုံးပြုလျက်ရှိသော အက်ပ်တစ်ခုကို ဖုံးကွယ်လိုပါက ယခုလုပ်ငန်းစဥ်တွင် သင့်အနေဖြင့် ထိုအက်ပ်အား ဖျက်ပြီး ပြန်လည် ဒေါင်းလုဒ်ဆွဲရန်လိုအပ်သည်။

Pasted image 20210609004619.png

အက်ပ်တစ်ခုကို ဖုံးကွယ်ရန်
1. settings အက်ပ်ပလီကေးရှင်းကို ဖွင့်ပါ။
2. Privacy & Security သို့သွားပါ။
3. PrivateSpace ကို နှိပ်ပါ။
4. PrivateSpace အား အသုံးပြုရန်ပြင်ဆင်ရန်အတွက် စကရင်တွင် ဖော်ပြသော လမ်းညွှန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
5. သင် သီးသန့်ထားလိုသော မည်သည့်အက်ပ်ကိုမဆို ဒေါင်းလုဒ်ဆွဲပါ။

အကယ်၍ သင်လုပ်ဆောင်ရန် အခက်အခဲရှိပါက Huawei လမ်းညွှန်အတိုင်း လိုက်လံဆောင်ရွက်ပါ။ သို့မဟုတ် 📱 အက်ပ် Icon နှင့် အမည်ကို ပြောင်းလဲပါ။မှ လမ်းညွှန်ချက်များကို အသုံးပြုပါ။