📱 Android - Samsung တွင် အက်ပ် Vault တစ်ခု ဖန်တီးပါ။
Last updated on : 2021-10-15
ညွှန်ကြားချက်များ
သင်ဘာလုပ်သင့်သလဲ
"အက်ပ် Vault" အတွက် Samsung တွင် "Secure Folder" ဟု ခေါ်သည်။ သင် သီးသန့်ထိန်းသိမ်းထားလိုသော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဖိုင်လ်များ၊ အက်ပ်များ နှင့် ဒေတာအချက်အလက်များကို သိုလှောင်ရန် နေရာကောင်းတစ်ခုဖြစ်သည်။
ပထမဦးစွာ သင့် Secure Folder ကို အသုံးပြုရန်ပြင်ဆင်ပါ။
1. သင့်စကရင် ထိပ်မှ အောက်သို့ဆွဲချပြီး settings ကို နှိပ်ပါ။
2. Biometrics and security ကို နှိပ်ပါ။
3. Secure Folder ကို နှိပ်ပါ။
- သင့်အနေဖြင့် Samsung အကောင့် တစ်ခုသို့ ဝင်ရန် သို့မဟုတ် ဖန်တီးရန် လိုအပ်ပေလိမ့်မည်။ Sign in၊ Continue သို့မဟုတ် Agree ကို နှိပ်ပါ။
- Samsung အကောင့် အသေးစိတ်အချက်အလက်များကို ထည့်သွင်းပါ။ ထို့နောက် Sign in သို့မဟုတ် OK ကို နှိပ်ပါ။
- သင်အသုံးပြုလိုသော လော့ခ်ချမည့်နည်းလမ်းအား ရွေးချယ်ပါ။ - အကောင်းဆုံးကတော့ လက်ဗွေရာမဟုတ်ပဲ စကားဝှက်တစ်ခု ကို အသုံးပြုရန်ဖြစ်သည်။ - ထို့နောက် Next ကို နှိပ်ပါ။
- လော့ခ်ချမည့် နည်းလမ်းအား ထည့်သွင်းပါ။ ထို့နောက် Continue ကို ရွေးပါ။
- လော့ခ်ချမည့် နည်းလမ်းအား နောက်တစ်ကြိမ် ထည့်သွင်းပါ။ ထို့နောက် Confirm ကို ရွေးပါ။
- Secure Folder အတွက် ဖြတ်လမ်းတစ်ခုသည် သင်၏ Home နှင့် အက်ပ်များ စကရင်ပေါ်သို့ ရောက်နေမည်ဖြစ်သည်။
သင်၏ Secure Folder အား အသုံးပြုရန် ပြင်ဆင်ပြီးပါက သင့် အက်ပ်များကို ၎င်းအထဲသို့ ရွှေ့ပြောင်းနိုင်ပြီဖြစ်သည်။
သင်၏ Secure Folder ထဲသို့ ပစ္စည်းများရွှေ့ပြောင်းခြင်း လုပ်ငန်းစဥ်သည်
1. သင့် Secure Folder ကို ဖွင့်ပါ။
- Add Apps သို့မဟုတ် + သင်္ကေတ ကို နှိပ်ပါ။
- သင် ထည့်သွင်းလိုသော အက်ပ်များကို ရွေးပါ။ Secure Folder ထဲသို့ အက်ပ်များကို တိုက်ရိုက် ဒေါင်းလုဒ်ဆွဲခြင်းလည်း ပြုလုပ်နိုင်သည်။
- Add ကို နှိပ်ပါ။
သင် လုပ်ဆောင်ရာတွင် အခက်အခဲရှိပါက Samsung ကို သွားရောက်ကြည့်ရှုပါ။ အကယ်၍ သင့်ဖုန်းအား ပံ့ပိုးပေးထားမှုမရှိပါက 📱 အပြိုင်ဖြစ်သောအက်ပ်များ နှင့် တည်ကြက်အက်ပ်များကို ဖန်တီးပါ။ ထဲတွင် ပါရှိသည့် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ရန် စဥ်းစားဆုံးဖြတ်ပါ။