💻/🖥️/📱 Google Search အား Brave Search ဖြင့် အစားထိုးပါ။
Last updated on : 2021-09-29
စဥ်းစားပုံစဥ်းစားနည်း
ကမ္ဘာလုံးဆိုင်ရာ ရှာဖွေမှုစျေးကွက်ပိုင်ဆိုင်မှု ၉၂ ရာခိုင်နှုန်းဖြင့် Google သည် ရှာဖွေမှု ရလဒ်များအတွက် စံတစ်ခု ဖြစ်လို့နေသည်။ သို့သော် Google မှတစ်ဆင့် ရှာဖွေမှုများ အင်မတန် လုပ်ဆောင်ကြသည့်အတွက် Google သည် သင်၏ ရှာဖွေမှုမှတ်တမ်းများကို မှတ်တမ်းပြုစုထားနိုင်သည်။ အကယ်၍ အာဏာပိုင်များမှ Google သို့ လော့ဂ်ဂင်ဝင်ထားသော သင့်ဖုန်း သို့မဟုတ် ကွန်ပျူတာကို အသုံးပြုခွင့်ရသွားပါက ၎င်းတို့အနေဖြင့် သင်၏ ရှာဖွေမှုမှတ်တမ်းများကို ရှာဖွေကြည့်ရှုနိုင်ပြီး စွပ်စွဲ၍ရသော ရှာဖွေမှုများကို ၎င်းတို့မှ ရှာဖွေတွေ့ရှိသွားနိုင်ချေရှိသည်။
ညွှန်ကြားချက်များ
သင်ဘာသိသင့်သလဲ
သင်၏ ရှာဖွေမှု မှတ်တမ်းများ နှင့် နောက်ယောင်ခံလိုက်ခြင်းအား ပိတ်ထားရန်အတွက် 🌐 Google အသုံးပြုမှု ဒေတာအချက်အလက်အား ဖျက်ဆီးရန် နှင့် နောက်ယောင်ခံလိုက်ခြင်းအား ပိတ်ထားခြင်း။လမ်းညွှန်အတိုင်းလိုက်လံဆောင်ရွက်ပါ။ သို့မဟုတ် Google မှ သင်၏ ရှာဖွေမှုမှတ်တမ်းများကို နောက်ယောင်ခံလိုက်ခြင်းမှ ရပ်တန့်နိုင်ရန် ကိုယ်ရေးလုံခြုံရေးအား အဓိကထားသည့် Search Engine ဖြစ်သော Brave Search သို့ ပြောင်းနိုင်သည်။
နည်းလမ်း နှစ်ခုစလုံးသည် သင်၏ ရှာဖွေမှုမှတ်တမ်းများကို မှတ်တမ်းပြုစုထားခြင်းအား ရပ်တန့်ကာကွယ်ပေးပါလိမ့်မည်။ သို့သော် အခြားသော ထပ်ဆောင်းအနေဖြင့် ကိုယ်ရေးလုံခြုံရေးပထမ search engine အသုံးပြုခြင်းအားဖြင့် ကိုယ်ရေးလုံခြံရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်သေးသည်။
သင်ဘာလုပ်သင့်သလဲ
1. သင့် browser ၏ ပုံသေ search engine အား သတ်မှတ်ပါ။
💻/🖥️:🦁 Brave ထဲတွင် ပုံသေ Search Engine သတ်မှတ်ပါ။
- brave://settings/search သို့သွားပါ။
- "Brave" as the "Search engine used in the address bar" ကို ရွေးပါ။
💻/🖥️:🦊 Firefox ထဲတွင် ပုံသေ Search Engine သတ်မှတ်ပါ။
- Firefox သို့ Brave Search Add-on ကို ထည့်ပါ။
- about:preferences#search သို့ သွားပါ။
- "Default Search Engine" အောက်တွင် "Brave" ကိုရွေးပါ။
📱:🦁 စမတ်ဖုန်းပေါ်ရှိ Brave ထဲတွင် ပုံသေ Search Engine သတ်မှတ်ပါ။
- "မီနူး" icon (ညာဘက်အပေါ်ထောင့်တွင်ရှိသော မျဥ်းကြောင်းသုံးကြောင်း) ကို နှိပ်ပါ။
- "Settings" ကို နှိပ်ပါ။
- Search Engine အပိုင်၏ အောက်တွင်ရှိသော "Standard Tab" ကို နှိပ်ပါ။
- "Brave" ကို ရွေးပါ။
- နောက်သို့ပြန်သွားပါ။ ထို့နောက် ထို တူညီသော အပိုင်းတွင် "Incognito Tab" ကို နှိပ်ပါ။
- "Brave" အား ရွေးပါ။
အကယ်၍ သင့်အနေဖြင့် Brave ၏ ရှာဖွေမှုရလဒ်များနှင့် ပတ်သတ်၍ စိတ်ကျေနပ်မှုမရှိဖြစ်ပြီး Google သို့ ပြန်သွားလိုပါက "Standard Tab" ကိုသာ Google သို့ ပြောင်းရန် ကျွန်ုပ်တို့ အကြံပြူသည်ကို မှတ်သားထားပါ။ သို့သော် "Incognito Tab" အား အခြားသော browser တစ်ခုသို့ ထားထားရမည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ပုံမှန်ဆိုလျှင် incognito tab အား အသုံးပြုရာတွင် သင်၏ အင်တာနက်အသုံးပြုမှုသည် ထိလွယ်ရှလွယ်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့အခြေအနေတွင် Google ကို အသုံးမပြုရန် အထူးအကြံပြုသည်။
📱:🦊 စမတ်ဖုန်းပေါ်ရှိ Firefox ထဲတွင် ပုံသေ Search Engine သတ်မှတ်ပါ။
- "မီနူး" icon (ညာဘက်အပေါ်ထောင့်တွင်ရှိသော မျဥ်းကြောင်းသုံးကြောင်း) ကို နှိပ်ပါ။
- "Settings" ကို နှိပ်ပါ။
- "Search" ကို နှိပ်ပါ။
- 'Add search Engine' ကို ရွေးပါ။
- 'Other' ကို ရွေးပါ။
- အမည်အား
Brave
အဖြစ် သတ်မှတ်ပါ။ - Search String အား
https://search.brave.com/search?q=%s
သို့ သတ်မှတ်ပါ။ - ပုံသေ အဖြစ် Google အစား "Brave" ကို ရွေးပါ။
- "Search browsing history" အား "off" သို့ ပြောင်းပါ။ - သင် မည်သည့် ဆိုဒ်များသို့ သွားရောက်ထားကြောင်းကို မဖော်ပြပါနှင့်။
- နောက်သို့ပြန်သွားပါ။ သင်သည် Brave အား ပုံသေ search engine တစ်ခု အဖြစ် အသုံးပြုနေပြီဖြစ်သည်။