💻/🖥️/📱 အထောက်အထားအားသိရှိနိုင်သော အမှတ်အသားများကို ဖယ်ရှားပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐ ⭐ 🧑 🆓 2021-10-10

စဥ်းစားပုံစဥ်းစားနည်း

အဖွဲ့အစည်းအမှတ်တံဆိပ်၊ အမည် စတစ်ကာများ၊ မြင်တွေ့နိုင်သည့် ID နံပါတ်များ ကဲ့သို့ ပြင်ပ အထောက်အထားပြသောအရာများသည် သင်၏ ပစ္စည်းကိရိယာနှင့် တွဲလျက်ရှိပါက သင့်အဖွဲ့အစည်း၏ သင်၏အဖွဲ့သို့ ထို ပစ္စည်းကိရိယာများနှင့် ဆက်စပ်နိုင်သည်။ ထိုအရာသည် ထိုပစ္စည်းကိရိယာများအကြောင်း အမေးခံရသောအခါ ယုံကြည်ထိုက်သည့် ငြင်းဆန်နိုင်မှုအား အကန့်အသတ်ဖြစ်စေသည်။ ဥပမာ စစ်ဆေး‌ရေးဂိတ်တစ်ခုအား ဖြတ်သန်းသည့်အခါ လက်ပ်တော့အား သင်ပိုင်ဆိုင်ကြောင်း သို့မဟုတ် ထိလွယ်ရှလွယ်ဖြစ်သော CSO တစ်ယောက်မှ ပိုင်ဆိုင်ကြောင်းကို ထိုလက်ပ်တော့ပ်တွင် မြင်တွေ့ရသောအမှတ်အသားသက်သေခံများရှိနေပါက "သူငယ်ချင်းတစ်ယောက်အတွက် လက်ပ်တော့ပ်ပြင်ပေးဖို့ သယ်လာပေးတာ။" ဒါကြောင့် သင့်တွင် စကားဝှက်များ မရှိဟု ဆင်ခြေအား သံသယဖြစ်ပါလိမ့်မည်။

Pasted image 20210617165133.png

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

1. စတစ်ကာများကို ဖယ်ရှားပါ။

သင်နှင့် သင့်အဖွဲ့အစည်း၏ အထောက်အထားအား သိရှိသွားနိုင်သည့် သင့်ပစ္စည်းကိရိယာတွင် ကပ်ထားသော အရာအားလုံးကို ဖယ်ရှားပါ။

2. 💻/🖥️ လော့ဂ်ဂင်ဝင်သော စကရင်တွင် နာမည်အတုတစ်ခု ပြသထားပါ။

လက်ပ်တော့ပ်တစ်ခုအား ဖွင့်လိုက်သောအခါ တစ်ခါတစ်ရံ သင့်ဓာတ်ပုံနှင့် သင့်အမည်ကို ပြသပေးတတ်သည်။
အကယ်၍ သင်သည် ယုံကြည်ထိုက်သည့် ငြင်းဆန်နိုင်မှုအား ပြုလုပ်လိုသေးပါက သင်၏ Microsoft / Apple အကောင့် အမည်နှင့် ဓာတ်ပုံအား အတုတစ်ခုသို့ ပြောင်းလဲပါ။