💻/🖥️/📱 ဝန်ထမ်းများကို Yubikeys များ ထုတ်ပေးပါ။
အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
---|---|---|---|---|---|---|
ပြင်ဆင်မှု | 🏗️ | ⭐⭐ | ⭐ | 🏗️ | 💵💵 | 2021-09-19 |
စဥ်းစားပုံစဥ်းစားနည်း
Yubikeys များသည် USB လုံခြုံရေးသော့များဖြစ်သည်။ ၎င်းတို့သည် အသုံးပြုသူများ၏ အကောင့်များသို့ လော့ဂ်ဂင်ဝင်ရာတွင် လုံလုံခြုံခြုံဝင်နိုင်စေရန် ကွန်ပျူတာသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ကြိမ်သာအသုံးပြုနိုင်သော စကားဝှက်များဖြင့် ပံ့ပိုးပေးသည်။ Yubikeys များသည် 🔒 အဆင့်များစွာခံလုံခြုံရေးစနစ်အားအသုံးပြုပါ။တွင် ပါရှိသော အစီအမံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါသည်။ ရန်ပြုလိုသူတစ်ဦးသည် ထို သော့ဖြင့် အကာအကွယ်ပြုလုပ်ထားသော အကောင့်များကို အသုံးပြုခွင့်ရလိုပါက ၎င်း Yubikeys ကို လက်ဝယ်ရှိမှသာလျှင် အသုံးပြု၍ ရမည်ဖြစ်သည်။ ထို့ကြောင့် Yubikeys သည် ထိုအကောင့်များကို အဝေးမှ ထိန်းချုပ်နိုင်သည့် ရန်မှ ကာကွယ်ပေးသည်။
လမ်းညွှန်ချက်များ
သင်ဘာသိထားသင့်သလဲ
Yubikey များသည် လုံခြုံရေးဆိုင်ရာမဟာဗျူဟာ၏ အမြင့်ပိုင်းတွင်ရှိသည်။ ထို့ကြောင့် ဒီနေရာတွင် အသေးစိတ် မသွားတော့ပါ။ ၎င်းအစား သင့်အနေဖြင့် ထပ်မံဖတ်ရှုနိုင်ရန် ကိုးကားချက်များကို ထားရှိပေးထားပါသည်။ သင့်အနေဖြင့် သင်၏ အဖွဲ့အစည်းတွင် ၎င်းတို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကို အကောင်းဆုံးသော အကြံဉာဏ်များရယူလိုပါက ကျွန်ုပ်တို့အား တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။