💻/🖥️/📱 Dingtalk အား အသုံးမပြုပါနှင့်။
| အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
|---|---|---|---|---|---|---|
| ကျင့်ကြံလုပ်ဆောင်ခြင်း | 🏗️ | ⭐⭐⭐⭐⭐ | ⭐ | 🏗️ | 🆓 | 2021-10-10 |
စဥ်းစားပုံစဥ်းစားနည်း
Dingtalk တွင် အသုံးဝင်သော ဝန်ဆောင်မှုအချို့ ပါကောင်းပါပါလိမ့်မည်။ သို့သော် တရုတ်၏ ဧရာမ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Alibaba မှ ထုတ်လုပ်ထားသော ထုတ်ကုန်တစ်ခုဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ဒေတာအချက်အလက်ဆိုင်ရာဥပဒေအတိုင်း ဒေတာများကို စုဆောင်းထားလိမ့်မည်ဖြစ်သည်။ ထိုဥပဒေတွင် ဖော်ပြထားသည်မှာ တရုတ် အာဏာပိုင်များအနေဖြင့် အမြဲတမ်း "လိုအပ်သောအချိန်တွင်" ထိုဒေတာများကို စိစစ်သုံးသပ်ခွင့်ရှိနေရမည်ဖြစ်သည်။ ထိုအက်ပ်သည် လုပ်ငန်းခွင်အား စောင့်ကြည့်ရန် နှင့် ကင်မရာများ၊ မိုင်ခရိုဖုန်းများ နှင့် သင့်ဝန်ထမ်းများ၏ ပစ္စည်းကိရိယာအတွင်းတွင် သိုလှောင်မှု အား အသုံးပြုခွင့်ရရန် ဒီဇိုင်းရေးဆွဲထားသည်ကို သတိရပါ။ ထို့ကြောင့် သင့်ဝန်ထမ်းများအား သင့်အားရန်ပြုလိုသူများလည်းဖြစ်နိုင်သည့် အာဏာပိုင်များဆီသို့ ထုတ်ဖော်ပြထားသကဲ့သို့ ဖြစ်စေမည့် အက်ပ်လီကေးရှင်းများအား install မလုပ်ရန် ကျွန်ုပ်တို့အကြံပြုသည်။
ညွှန်ကြားချက်များ
သင်ဘာလုပ်သင့်သလဲ
1. အခြားနည်းလမ်းများအား ရှာဖွေပါ။
မည်သည့် ဝန်ဆောင်မှုများအတွက် Dingtalk အား အသုံးပြုနေသည်အပေါ်မူတည်၍ အသုံးပြုရန်စဥ်းစားနိုင်သည့် အခြားသောနည်းလမ်းများလည်း ရှိသည်။
Dingtalk အစား သင့်လျော်သော အခြားနည်းလမ်းတစ်ခုအား ရွေးပြီး ထို platform အသစ်ပေါ်သို့ သင့်ဝန်ထမ်းများကို ခေါ်ပါ။
2. ပစ္စည်းကိရိယာအားလုံးမှ Dingtalk အား ဖယ်ရှားပါ။
သင့် ဝန်ထမ်းအားလုံး၏ ဖုန်းများ ကွန်ပျူတာများမှ Dingtalk အား uninstall လုပ်၍ ဖယ်ရှားပါ။