💻/🖥️/📱 သီးသန့်ကိုယ်ပိုင် Windows ဖြင့် အင်တာနက်အသုံးပြုပါ။
Last updated on : 2021-09-30
ညွှန်ကြားချက်များ
သင်ဘာသိသင့်သလဲ
သီးသန့်ကိုယ်ပိုင် Windows အား အသုံးပြုခြင်းအားဖြင့် သင်သည် အက်ပ် သို့မဟုတ် သီးသန့်ကိုယ်ပိုင် tab နှင့် window များကို ပိတ်လိုက်သောအခါ သင့် browser သည် သင်၏ ရှာဖွေမှု နှင့် အင်တာနက်အသုံးပြုမှု မှတ်တမ်း များကို ရှင်းလင်းပေးသည်။ ၎င်းသည် ဝက်ဘ်ဆိုဒ်များ သို့ အင်တာနက်ပံ့ပိုးပေးသူများ အတွက် သင့်အား အမည်ဝှက်ခြင်း မလုပ်ဆောင်ပေးနိုင်သော်ငြားလည်း ထို ကွန်ပျူတာအား အသုံးပြုသောအခြားသူများထံမှ သင်၏ အွန်လိုင်းအသုံးပြုမှုများကို သီးသန့်ကိုယ်ပိုင်အဖြစ် ထိန်းသိမ်းထားနိုင်သည်။
အဆင့်မြင့်
👩💻 - သီးသန့်ကိုယ်ပိုင် Window သည် သင့်အား မည်သည်တို့မှ အကာအကွယ်ပေးပြီး မည်သည်တို့မှ အကာအကွယ်မပေးကြောင်းကို ပိုမိုကောင်းမွန်စွာ နားလည်စေရန် သီးသန့်ကိုယ်ပိုင် အင်တာနက်အသုံးပြုမှု နှင့် ပတ်သတ်၍ အများအပြားရှိတတ်သည့် မှားယွင်းသောအယူအဆများ ကို ကြည့်ပါ။
သင်ဘာလုပ်သင့်သလဲ
💻/🖥️:🦁 ကွန်ပျူတာပေါ်ရှိ Brave ထဲတွင် သီးသန့်ကိုယ်ပိုင် Windows အား အသုံးပြုပါ။
CTRL + SHIRT + N
shortcut ကို အသုံးပြု၍ သီးသန့်ကိုယ်ပိုင် window အသစ်တစ်ခုဖွင့်ပါ။ သို့မဟုတ် :
- မီနူးကို နှိပ်ပါ။ (ညာဘက်အပေါ်ထောင့်တွင်ရှိသော မျဥ်းကြောင်းသုံးကြောင်း)
- "New Private Window" ကို နှိပ်ပါ။
မီနူး၏ ဘေးတွင်ရှိသော "Private" icon အား ကြည့်ခြင်းအားဖြင့် သီးသန့်ကိုယ်ပိုင် Window နှင့် ပုံမှန် Window အား ခွဲခြားနိုင်သည်။
💻/🖥️:🦊 ကွန်ပျူတာပေါ်ရှိ Firefox ထဲတွင် သီးသန့်ကိုယ်ပိုင် Windows အား အသုံးပြုပါ။
CTRL + SHIRT + N
shortcut ကို အသုံးပြု၍ သီးသန့်ကိုယ်ပိုင် window အသစ်တစ်ခုဖွင့်ပါ။ သို့မဟုတ် :
- မီနူးကို နှိပ်ပါ။ (ညာဘက်အပေါ်ထောင့်တွင်ရှိသော မျဥ်းကြောင်းသုံးကြောင်း)
- "New Private Window" ကို နှိပ်ပါ။
မီနူး၏ ဘေးတွင်ရှိသော "ခရမ်းရောင် မျက်နှာဖုံးပုံ" icon အား ကြည့်ခြင်းအားဖြင့် သီးသန့်ကိုယ်ပိုင် Window နှင့် ပုံမှန် Window အား ခွဲခြားနိုင်သည်။
📱:🦁 စမတ်ဖုန်းပေါ်ရှိ Brave ထဲတွင် သီးသန့်ကိုယ်ပိုင် Windows အား အသုံးပြုပါ။
- မီနူးကို နှိပ်ပါ။ (ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက်သုံးစက်)
- "New Private Tab" ကို နှိပ်ပါ။
၎င်း၏ ခရမ်းရောင် အရောင်နှင့် လိပ်စာဘား ထဲရှိ နေကာမျက်မှန်ပုံ တို့ကို မြင်တွေ့ရခြင်းးအားဖြင့် သီးသန့်ကိုယ်ပိုင် tab အား မှတ်မိနိုင်သည်။
သင်၏ သီးသန့်ကိုယ်ပိုင် tab များ အားလုံး ကို notification မှတစ်ဆင့် သင် လျှင်မြန်စွာ ပိတ်နိုင်သည်။ notification အား အောက်သို့ဆွဲချပြီး Brave အတွက် "Close All Private Tabs" ကို နှိပ်ပါ။
📱:🦊 စမတ်ဖုန်းပေါ်ရှိ Firefox ထဲတွင် သီးသန့်ကိုယ်ပိုင် Windows အား အသုံးပြုပါ။
- မီနူးကို နှိပ်ပါ။ (ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက်သုံးစက်)
- "New Tab" ကို နှိပ်ပါ။
3.ညာဘက်အပေါ်ထောင့်တွင်ရှိသော "မျက်နှာဖုံးပုံစံ" icon ကို နှိပ်ပါ။
၎င်း၏ ခရမ်းရောင် အရောင် ကို မြင်တွေ့ရခြင်းးအားဖြင့် သီးသန့်ကိုယ်ပိုင် tab အား မှတ်မိနိုင်သည်။
သင်၏ သီးသန့်ကိုယ်ပိုင် tab များ အားလုံး ကို notification မှတစ်ဆင့် သင် လျှင်မြန်စွာ ပိတ်နိုင်သည်။ notification အား အောက်သို့ဆွဲချပြီး Firefox အတွက် "Close All Private Tabs" ကို နှိပ်ပါ။