💻/🖥️ Windows 10 - Admin နှင့် User အကောင့်များကို ခွဲထားပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျ UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု / ကျင့်ကြံလုပ်ဆောင်ခြင်း 🏗️ ⭐ ⭐⭐⭐ 🏗️ 🆓 2021-10-09

စဥ်းစားပုံစဥ်းစားနည်း

Admin နှင့် User အကောင့်များ ခွဲထားခြင်းဖြင့် Admin အသုံးပြုသူများသာ လုံခြုံရေးဆိုင်ရာဆက်တင်များကိုပြောင်းလဲနိုင်ပြီး သာမာန်အသုံးပြုသူ၏ အခွင့်အရေးကို ကန့်သတ်ထားသည်။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာလုပ်သင့်သလဲ

1. Admin / User အကောင့်များကို ခွဲခြားထားပါ။

ပထမဦးစွာ ပစ္စည်းကိရိယာအတွက် မည်သည့်အသုံးပြုသူအမျိုးအစားများကို ဖန်တီးထားသည်ကို စစ်ဆေးပါ။

  1. Start မီနူး
  2. Windows system,
  3. Control panel
  4. User accounts

သင်၏ လက်ရှိအသုံးပြုရန်ပြင်ဆင်ထားမှု အပေါ်မူတည်၍ ကွန်ပျူတာ၏ ပုံမှန်အသုံးပြုသူသည် အောက်ပါအမျိုးအစားများထဲမှ တစ်မျိုးမျိုးဖြစ်သည်။

  1. Administrators အဖြစ် လော့ဂ်ဂင်ဝင်နေပြီး User အကောင့်များမရှိခြင်း - စကားစုစကားဝှက် တစ်ခုဖြင့် အသုံးပြုသူအကောင့်အသစ်တစ်ခု ဖန်တီးပါ။ ထို့နောက် သင့်အဖွဲ့ဝင်များအား Admin လော့ဂ်ဂင်အစား ၎င်းအား အသုံးပြုခိုင်းပါ။
  2. User အဖြစ် လော့ဂ်ဂင်ဝင်နေပြီး Administrator စကားဝှက်မရှိခြင်း - သင့်အနေဖြင့် နောက်တစ်ဆင့်တွင် စကားဝှက်လိုအပ်မည်ဖြစ်သောကြောင့် Admin စကားဝှက်ရှိသူကို ရှာပါ။ အကယ်၍ စကားဝှက်သည် မခိုင်မာပါက ခိုင်မာသော စကားစုစကားဝှက်တစ်ခုသို့ ပြောင်းပါ။
  3. User အကောင့်လည်းရှိနေပြီး Administrator စကားဝှက်လည်းရှိပါက - ဆက်လက်လုပ်ဆောင်ရန်အတွက် အဆင်ပြေသည်။

2. User အကောင့် ထိန်းချုပ်ခြင်းအား ၎င်း၏ အတင်းကြပ်ဆုံး ဆက်တင်သို့ သတ်မှတ်ပါ။

ပိုမိုခိုင်မာသော လုံခြုံရေးဆိုင်ရာဆက်တင်များကို ကျင့်သုံးရန်အတွက်

  1. Start မီနူး,
  2. Windows system,
  3. Control panel,
  4. User accounts,
  5. နောက်ထပ်တစ်ခါ User accounts
  6. "User Account Control" ဆက်တင်များကို ပြောင်းပါ။
  7. ဆက်လက်လုပ်ဆောင်ရန် Admin ခွင့်ပြုချက်ပေးပါ။
  8. Slider အား ထိပ်ဆုံးအထိရောက်အောင် ဆွဲပါ။
  9. "OK"ကို နှိပ်ပါ။
  10. ဆက်လက်လုပ်ဆောင်ရန် Admin ခွင့်ပြုချက်ပေးပါ။

အခု လူတိုင်း၊ သင့် Admin အကောင့်အပါအဝင်၊ Windows ဆက်တင်များ ပြောင်းနိုင်ရန်အတွက် Admin ခွင့်ပြုချက်ပေးရန် လိုအပ်ပေလိမ့်မည်ဖြစ်သည်။

Sources : WindowsTenForums