💻/🖥️ Windows 10 - စတင်ချိန်တွင် အက်ပ်များ ပွင့်နေခြင်းကို ကာကွယ်တားဆီးပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျ UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑/🏗️ ⭐⭐ 🧑 🆓 2021-10-08

စဥ်းစားပုံစဥ်းစားနည်း

စတင်ချိန်တွင် အက်ပ်များအနေဖြင့် ၎င်းတို့အား အသုံးမပြုသောအချိန်တွင်လည်း ပွင့်နေခြင်းသည် အန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အက်ပ်များ ပွင့်နေခြင်းသည် စနစ်အား အဝေးမှ အသုံးပြုခွင့်ရရန် ဖြစ်နိုင်ချေရှိစေသည့် နည်းလမ်းများကို ကမ်းလှမ်းပေးထားသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

ကွန်ပျူတာတွင် install လုပ်ထားသော အက်ပ်လီကေးရှင်းစာရင်းတွင် တစ်ခုချင်းစီ စိစစ်ပါ။ ထို့နောက် မလိုအပ်သောအရာများကို ဖယ်ရှားပါ။

  1. Start ခလုတ် ကို ရွေးပါ။
  2. Settings > Apps > Startup ကို ရွေးပါ။
  3. စတင်ချိန်တွင် သင် မပွင့်စေလိုသော အက်ပ်များအား "Off" သို့ ပြောင်းထားသည်ကို သေချာအောင်ပြုလုပ်ပါ။

Sources : Microsoft