💻/🖥️ ဖိုင်လ်အကြီးများအတွက် External Drive တစ်ခုကို ပြင်ဆင်ခြင်း

Pasted image 20210618012740.png
Last updated on : 2021-09-28

စဥ်းစားပုံစဥ်းစားနည်း

အချို့သော ဖိုင်လ်စနစ်များသည် 4 GB အထိသာ ဖိုင်လ်များကို လက်ခံသည်။ ထို့ကြောင့် အကယ်၍ သင်သည် ထို အရွယ်အစားထက်ကြီးမားသော ဖိုင်လ်များကို သိုလှောင်လိုပါက ၎င်းတို့၏ ပုံစံကို NTFS သို့မဟုတ် EXFAT အဖြစ် ပြောင်းလဲပေးရမည်ဖြစ်သည်။

ညွန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာလုပ်သင့်သလဲ

၁. လက်ရှိဖိုင်လ်စနစ်အား ကြည့်ရှုစစ်ဆေးပါ။

  1. ကွန်ပျူတာတွင် သင်၏ external drive အား ထည့်ပါ။
  2. အကယ်၍ drive ပေါ်တွင် သင် ဆက်လက်သိမ်းထားလိုသော ဖိုင်လ်များရှိပါက သင့် ကွန်ပျူတာပေါ်သို့ ခေတ္တသိမ်းထားရန် ကူးယူးပါ။
  3. "Disk management" အား ရှာဖွေ၍ ဖွင့်ပါ။
  4. Pasted image 20210618011600.png
  5. စာရင်းမှ drive အား ရွေးပါ။ (များသောအားဖြင့် စာရင်း၏ နောက်ဆုံးတွင် ရှိသည်။) - သင်သည် ၎င်း၏ စွမ်းဆောင်ရည်ကို သတိထားမိပေလိမ့်မည်။ (၎င်း၏ စွမ်း‌ဆောင်ရည်ကို ပုံမှန်အားဖြင့် drive ပေါ်တွင် ရေးသားဖော်ပြထားလေ့ရှိသည်။
  6. Check the File System column...ဖိုင်လ်စနစ် ကော်လံကို စစ်ဆေးပါ။.... NTFS သို့မဟုတ် EXFAT ဟု ပြောထားပါသလား? ထိုကဲ့သို့ ရေးထားသည်ဆိုပါက သင်အတွက် အဆင်ပြေသည်။ နောက်ထပ်အဆင့်များကို ထပ်မံ လိုက်လံဆောင်ရွက်စရာမလိုတော့ပါ။
  7. FAT32 သို့မဟုတ် FAT16 ဟု ပြောထားပါက သင့်အနေဖြင့် drive အား ပုံစံပြောင်းရမည်ဖြစ်သည်။

2. drive အား EXFAT ပုံစံသို့ ပြောင်းပါ။

ဖိုင်လ်များအားလုံးကို back-up ပြုလုပ်ပြီးသည် ကို သေချာအောင်ပြုလုပ်ပါ။! နောက်ထပ်တစ်ဆင့်သည် သင့် drive ပေါ်ရှိ ဒေတာများအားလုံးကို ဖျက်ဆီးပြီးဖြစ်သွားမည်ဖြစ်သည်။

  1. သင့် drive ပေါ်တွင် mouse ၏ ညာဘက်ခလုတ်ကို နှိပ်ပြီး "Format" ကို ရွေးပါ။
    Pasted image 20210618012016.png
  2. "Volume Label" တွင် ကြိုက်နှစ်သက်သော အမည်ကို ရိုက်နှိပ်ထည့်ပါ။
  3. ဖိုင်လ်စနစ် (File System) အတွက် "exFAT" ကို ရွေးပါ။
  4. "Perform a quick format" အား အမှန် ဆက်လက်၍ ခြစ်ထားပါ။
  5. OK ကို နှိပ်ပါ။ - ခေတ္တခဏ စောင့်ပါ။... ပြီးလျှင် သင်၏ drive အား အောင်မြင်စွာ ပြင်ဆင်ပြီးပါပြီ။

If you get stuck on any of the above,အကယ်၍ အထက်ပါအဆင့်တစ်ခုခုတွင် ဆက်လုပ်ရန် အခက်အခဲရှိနေပါက သင့်အား ကူညီပေးရန် အသေးစိတ်ဖော်ပြထားသော လမ်းညွှန် တစ်ခုရှိပါသည်။