💻/🖥️ Microsoft Office အား ယုံကြည်ရသော နေရာမှ install လုပ်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🏗️ ⭐⭐ ⭐⭐ 🏗️ 💵💵💵 2021-10-07

စဥ်းစားပုံစဥ်းစားနည်း

Microsoft Office အား ခိုးကူးထားသော ဗားရှင်းများသည် အွန်လိုင်း နှင့် ပြင်ပဆိုင်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသည်။ တစ်ခါတစ်ရံ ၎င်းတို့အား အခမဲ့ပင် ရရှိတတ်သေးသည်။ ထို့ကြောင့် ၎င်းသည် အလွန်စွဲဆောင်မှုရှိသော ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ထို ခိုးကူးထားသော ("မိတ္တူပွားထားသော"၊ "crack ပြုလုပ်ထားသော"၊ "unlocked ပြုလုပ်ထားသော"၊ "တရားမဝင်သော" စသည်တို့အဖြစ်လည်း လူသိများသည်။) ဗားရှင်း အများစုတွင် ဖုံးကွယ်ထားသော ဆော့ဖ်ဝဲလ်တစ်ခုခုပါလာတတ်ပြီး သင်၏ ကွန်ပျူတာအား အဝေးမှအသုံးပြုခံရခြင်း၊ ထိန်းချုပ်ခံရခြင်း အန္တရာယ် ကျရောက်စေနိုင်သည်။ ထို့ကြောင့် သင့်ကွန်ပျူတာအန္တရာယ်ကျရောက်ခြင်းမှ ရှောင်ကျဥ်နိုင်စေရန် Microsoft Office ကို Microsoft မှ တိုက်ရိုက်ရယူရန် အရေးကြီးသည်။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

1. Office အတွက် လိုင်စင်တစ်ခု သို့မဟုတ် or လစဥ်ကြေးပေးသွင်းအသုံးပြုခြင်းတစ်ခု ကို ရယူပါ။

"Office 365" (ယခုMicrosoft 365 ဟု ခေါ်တွင်သည်။) ကို စတင် မိတ်ဆက်ပြီးချိန်မှ စ၍ သင့်အနေဖြင့် အကယ်၍ Office (Office 2019) ဖြစ်ပါက offline ဗားရှင်းအတွက် တစ်ကြိမ်သုံး လိုင်စင် ရယူနိုင်သည်။ သို့မဟုတ် သင့်အနေဖြင့် Office (Office 365)၏ အွန်လိုင်းဗားရှင်းကိုလည်း လစဥ်ကြေးပေးသွင်း အသုံးပြုနိုင်သည်။ ထိုကဲ့သို့ လစဥ်ကြေးပေးသွင်းအသုံးပြုခြင်း၏ ပို၍ အဆင့်မြင့်သော အလွှာများတွင် သင့်အနေဖြင့် offline အသုံးပြုရန်အတွက်လည်း office အက်ပ်များကို install လုပ်ရန် ခွင့်ပြုထားသည်။

မည်သည့်ရွေးချယ်စရာနှင့် အံဝင်ဂွင်ကျဖြစ်မည်ဆိုသည်မှာ သင့် အဖွဲ့အစည်း၏ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ နှင့် ၎င်း၏ ငွေကြေးအခြေအနေအပေါ်တွင် မူတည်ပါလိမ့်မည်။ ရွေးချယ်စရာတစ်ခုချင်းစီ၏ ကောင်းသည့်အချက်၊ မကောင်းသည့်အချက်များကို Windows Central မှ ဖော်ပြပေးထားသည်။

အကယ်၍ အဖွဲ့အစည်းအနေဖြင့် ဝန်ထမ်းများအတွက် Office လိုင်စင်များ သို့မဟုတ် MS 365 လစဥ်ကြေးပေးအသုံးပြုခြင်းများ ကို ဦးစားပေးရန်အတွက် ငွေကြေးနည်းလမ်းများ မရှိပါက ထို ဖြစ်နိုင်ချေရှိသော လုံခြုံရေးနှင့်ဥပဒေဆိုင်ရာ အန္တရာယ်ကို ဖြေရှင်းရန် အလှူရှင်များနှင့် အလုပ်အတူတူတွဲလုပ်ရန် ကျွန်ုပ်တို့အကြံပြုသည်။

အကယ်၍ လိုင်စင်ခွင့်ပြုထားသော office အား လက်လှမ်းမမှီပါက MS Office ၏ ကန့်သတ်ထားသော ဗားရှင်းအား အခမဲ့မည်သို့အသုံးပြုရမည်ကို အကြံပြုချက်အချို့ပေးထားသော Make Use Of ၏ လမ်းညွှန်အား မှီငြမ်းနိုင်သည်။

2. Office အက်ပ်လီကေးရှင်းများကို install လုပ်ပါ။

Microsoft 365 သို့မဟုတ် Office 2019 မှ office အက်ပ်များကို install လုပ်ရန်အတွက် Microsoft မှ ဖော်ပြပေးထားသော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။