🌐 ဝန်ထမ်းများအတွင် သီးသန့် အလုပ်အီးမေးလ်များကို အသုံးပြုရန်ပြင်ဆင်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🏗️ ⭐⭐⭐⭐⭐ ⭐⭐⭐⭐ 🏗️ 🔁💵💵💵 2021-09-21

စဥ်းစားပုံစဥ်းစားနည်း

အဖွဲ့အစည်းများတွင် အီးမေးလ်ကို များသောအားဖြင့် အဓိက ဆက်သွယ်ရေးနည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြသည်။ ထို့ကြောင့် အဖွဲ့အစည်း၏ ဆက်သွယ်ပေးပို့နေသည့် ထိလွယ်ရှလွယ်ဖြစ်သောဆက်သွယ်မှုများ၊ ဒေတာအချက်အလက်များ၊ သို့မဟုတ် စာရွက်စာတမ်းများသည် အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အီးမေးလ်းအကောင့်များမှတစ်ဆင့် ပေးပို့ဆက်သွယ်ရန်မှာ အခြေခံကျသောအချက်ဖြစ်သည်။

အလုပ်ကိစ္စများအတွက် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာသုံး အီးမေးလ်အကောင့်များကို အသုံးးပြုခွင့်ပေးထားခြင်းသည် သင့်ဝန်ထမ်းများနှင့် အဖွဲ့အစည်းကို ကာကွယ်ရသည်မှာ များစွာ ခက်ခဲလှသည်။ ဥပမာအားဖြင့် အရေးပေါ်အခြေအနေကိစ္စရပ်များတွင် အကောင့်ကို လော့ခ်ချရသည်မှာ ပို၍ခက်ခဲသည်။ သို့မဟုတ် ဝန်ထမ်းတစ်ယောက်ယောက်မှ အဖွဲ့အစည်းမှ ထွက်ခွာသွားသည့်အခါ ၎င်းအသုံးပြုသော အီးမေးလ်ကို လက်လွှဲယူရန် ခက်ခဲပါသည်။ သို့မဟုတ် အချိန်တစ်ခုရောက်သည်နှင့် အီးမေးလ်ကို အလိုအလျောက် မှတ်တမ်းပြုစုသိမ်းဆည်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ပြုလုပ်ရမည် ဟူသော မူဝါဒချမှတ်ထားပါကလည်း ထိုမူဝါဒအား ဝန်ထမ်းများမှ လိုက်နာအောင် ပြုလုပ်ရန် ခက်ခဲလှပါသည်။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

ယခုဖော်ပြမည့် အဆင့်များသည် အဖွဲ့အစည်းတစ်ခုအတွက် အီးမေးလ်ဝန်ဆောင်မှုအား အသုံးပြုရန် ပြင်ဆင်မှုများ ပြုလုပ်ဖူးသည့် အတွေ့အကြုံရှိသူအတွက် အကောင်းဆုံးဖြစ်ပါသည်။ အပေါ်ယံခြုံငုံသောအဆင့်များကိုသာ ကျွန်ုပ်တို့အနေဖြင့် ပြောပြသွားမည်ဖြစ်သည့်အလျောက် သင့်အဖွဲ့အစည်းအတွက် ထိုအီးမေးလ်အား အသုံးပြုရန် ပြင်ဆင်သည့်အခါ တစ်စုံတစ်ယောက်ဆီမှ အကူအညီယူရမည်ကို နားလည်သိရှိထားရမည်ဖြစ်သည်။

1. Domain အမည်တစ်ခု ရယူပါ။

organisation.org ကဲ့သို့ domain အမည် သင့်တွင် မရှိသေးပါက သင့် အဖွဲ့အစည်းအတွက် အီးမေးလ်စာရင်းသွင်းပါက တစ်ခု လိုအပ်မည်ဖြစ်သည့်အတွက် domain အမည်တစ်ခုအား ရယူပါ။

သင့် domain အမည် ဝယ်ယူ၍ရသော နေရာများမှ အများအပြားရှိသည်။ အကယ်၍ သင့် စိတ်ကြိုက်အသုံးပြုလိုသော ဝန်ဆောင်မှုမရှိပါက CloudflareGoogle နှင့် NameCheap ကဲ့သို့သော ဝန်ဆောင်မှုများတွင် သွားရောက်ကြည့်ရှုနိုင်သည်။

2. အဖွဲ့အစည်းအီးမေးလ်အတွက် စာရင်းသွင်းပါ။

နောက်တစ်ဆင့်အနေဖြင့် သင် မည်သည့် အီးမေးလ် ဝန်ဆောင်မှုအား အသုံးပြုမည်ကို ဆုံးဖြတ်ရွေးချယ်ပါ။ အမြဲပုံမှန်အတိုင်း ရွေးချယ်စရာများကတော့ အများအပြားရှိပါသည်။ လူကြိုက်များသော ရွေးချယ်စရာများမှာ (အောက်ပါစာရင်းများသည် အခြေခံဝန်ဆောင်မှုအတွက် အသုံးပြုသူတစ်ဦးလျှင် တစ်လ ပေးဆောင်ရမည့် စျေးနှုန်းများဖြစ်သည်။)

Google Workspaces နှင့် Microsoft 365 တို့ နှစ်ခုစလုံးသည် ရုံးသုံးကိရိယာများကို အပြည့်အဝ ပံ့ပိုးပေးထားသည်။ ProtonMail နှင့် Tutanota တို့ကမူ ကိုယ်ရေးလုံခြုံမှု နှင့် သင့်အီးမေးလ်များ လုံခြုံအောင် ပြုလုပ်ပေးခြင်းတို့တွင် အာရုံစိုက်ထားသည်။

သင်အနေဖြင့် ကိုးကားနိုင်ရန် ထိုဝန်ဆောင်မှုများ မည်ကဲ့သို့ မြင်ရပုံကို အောက်ပါအတိုင်း ဖော်ပြပေးထားပါသည်။ Dark Theme ကိုလည်း အသုံးပြု၍ ရသည်။

Google Workspaces

Pasted image 20210624214310.png

Office 365

Pasted image 20210624214512.png

Protonmail

Pasted image 20210624213945.png

Tutanota

Pasted image 20210624214015.png

3. DNS မှတ်တမ်းများကို အသုံးပြုရန်ပြင်ဆင်ပါ။

အီးမေးလ်ဝန်ဆောင်မှုတစ်ခုခုတွင် စာရင်းသွင်းပြီးသည်နှင့် သင့် domain အား မည်ကဲ့သို့ ပြင်ဆင်အသုံးပြုရမည်ကို ညွှန်ကြားပေးမည့်အပြင် ဝန်ဆောင်မှုသို့ သင့်ဝန်ထမ်းများကို မည်ကဲ့သို့ ဖိတ်ခေါ်ရမည်ကိုလည်း ညွှန်ကြားပေးမည်ဖြစ်ပါသည်။

အသုံးပြုရန်ပြင်ဆင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင်၏ nameserver နှင့် dns records များကို ပြင်ဆင်အသုံးပြုခြင်း ပြုလုပ်ရပါမည်။ ထို့သို့ပြုလုပ်ခြင်းဖြင့် [email protected] သို့ လိပ်မူပြီး အီးမေးလ်ပေးပို့သည့်အခါ အင်တာနက်မှ ထိုအီးမေးလ်အား မည်သည့် ဝန်ဆောင်မှုသို့ ပို့ဆောင်ပေးရမည်ကို သိရှိစေမည်ဖြစ်သည်။