🌐 Google အသုံးပြုမှု ဒေတာအချက်အလက်အား ဖျက်ဆီးရန် နှင့် နောက်ယောင်ခံလိုက်ခြင်းအား ပိတ်ထားခြင်း။
အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
---|---|---|---|---|---|---|
ပြင်ဆင်မှု | 🧑 | ⭐⭐⭐⭐⭐ | ⭐ | 🧑 | 🆓 | 2021-09-14 |
Last updated on : 2021-09-14
စဥ်းစားပုံစဥ်းစားနည်း
သင့် Google အကောင့်အား သင့်ဖုန်းတွင် လော့ဂ်ဂင်ဝင်ထားပါက - Android စနစ်သုံးပါက သင် လော့ဂ်ဂင် အမြဲဝင်ထားလေ့ရှိသည်။ ပုံမှန်အားဖြင့် သင် Google Chrome အသုံးပြုနေချိန်တွင်သော်လည်းကောင်း google.com တွင် သင့်အနေဖြင့် တစ်စုံတစ်ခု ရှာဖွေနေချိန်များတွင် သင်၏ ရှာဖွေမှုမှတ်တမ်းသည် Google မှ မှတ်တမ်းပြုစုခြင်း၊ ထိုမှတ်တမ်းများကို သိုလှောင်ခြင်းများ ပြုလုပ်နေပါသည်။ ထိုအရာသည် သင်ရှာဖွေထားသော အရာများကို အလွယ်တကူ ပြန်လည်ရှာဖွေနိုင်သောကြောင့် အဆင်ပြေကောင်းပြေပါလိမ့်မည်။ သို့သော် သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေးရှုထောင့်မှ ကြည့်လျှင် ပြဿနာအကြီးအကျယ်ဖြစ်ပေါ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်ရှာဖွေထားသောအရာများ (ထိလွယ်ရှလွယ်ဖြစ်သော ရှာဖွေမှုများ အပါအဝင်) တစ်နေရာတည်း၊ တစ်စုတစ်စည်းထဲ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုရှာဖွေထားမှုများသည် သိုလှောင်ထားခြင်းခံရပြီး အကယ်၍ သင့်အား ရန်ပြုလိုသူများမှ သင်၏ ဖုန်း၊ ကွန်ပျူတာ၊ Google အကောင့်များကို အသုံးပြုခွင့် ရရှိသွားပါက ၎င်းရှာဖွေမှုများကို အလွယ်တကူ ရယူနိုင်သည်။
Youtube ရှာဖွေမှုမှတ်တမ်းမှာလည်း အတူတူပင် ဖြစ်သည်။ ထိုရှာဖွေမှုမှတ်တမ်းများသည် နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်သော ဗီဒီယိုများလည်း ပါဝင်နိုင်သည့်အပြင် သင်၏ တည်နေရာမှတ်တမ်းများကိုလည်း မှတ်တမ်းပြုစုထားသည်။ လူစုလူဝေးပြုလုပ်ခြင်းအားတားမြစ်ထားသောအချိန်အတွင်း သို့မဟုတ် ညမထွက်ရအမိန့်ကြေညာထားသောအချိန်များအတွင်း တွင် သင်အပြင်ရောက်နေသည်ကို ပေါ်သွားစေနိုင်သည်။ ထို့ကြောင့် Google ၏ Activity Tracking အား လုံးဝ ပိတ်ထားသင့်သည်။ ထို့နောက် မှတ်တမ်းပြုစုထားခြင်း ခံထားရပြီးသား မှတ်တမ်းများကိုလည်း ဖျက်ဆီးပါ။
ညွှန်ကြားချက်များ
သင်ဘာသိထားသင့်သလဲ
Google သည် သင့်အား မည်သည့် အသုံးပြုမှုမှတ်တမ်းအမျိုးအစား၊ မည့်သည်အချိန်ကာလများ၊ နှင့် ထိန်ချိန်ထားချင်သော နောက်ယောက်ခံလိုက်ခြင်းရွေးချယ်စရာများကို ဆုံးဖြတ်နိုင်ရန် "My Google Activity"မှ တစ်ဆင့် ထိန်းချုပ်မှု တစ်ချို့ကို ပံ့ပိုးပေးထားပါသည်။ အောက်ပါအကြံပြုချက်များမှု အကုန်လုံး ဖျက်ပြီး၊ အားလုံးပိတ်ထားဖို့ဖြစ်သည်။ သို့သော် သင့်အနေဖြင့် လုံခြုံရေးအရ ဖြစ်နိုင်ချေများကို သေချာစဥ်းစားသုံးသပ်ပြီးလျှင် သင့်အနေဖြင့် ဒေတာအချက်အလက်များကို ရွေးချယ်၍ ဖယ်ရှားခြင်း၊ အချို့သော နောက်ယောင်ခံလိုက်ခြင်းများကို ဖွင့်ပေးထားခြင်းများ ပြုလုပ်နိုင်သည်။ ထိုသည်မှာ သင်ဆုံးဖြတ်ရမည့် ဆုံးဖြတ်ချက်ဖြစ်သည်။
သင်ဘာပြင်ဆင်ထားသင့်သလဲ
- သင့် Google အကောင့် လော့ဂ်ဂင် နှင့် စကားဝှက် - သင့်တွင် Google အကောင့်မရှိပါက ယခု အကြံပြုချက်အား ကျော်သွားနိုင်သည်။
- အကယ်၍ သင့်တွင် Google အကောင့်များစွာ ရှိပါက အောက်ပါအဆင့်များကို သင်၏ အကောင့်များအားလုံးအတွက် ပြုလုပ်ရမည်ဖြစ်သည်။
သင်ဘာလုပ်သင့်သလဲ
1. အသုံးပြုမှုမှတ်တမ်းအား နောက်ယောက်ခံလိုက်ခြင်း ကို ပိတ်ထားပါ။
- myactivity.google.com သို့ သွားပါ။ - လော့ဂ်ဂင် ဝင်ထားပြီးသား မဟုတ်ပါက သင့် Google အကောင့်အား လော့ဂ်ဂင်ဝင်ပါ။
ဝက်ဘ် နှင့် အက်ပ် အသုံးပြုမှု
အောက်ပါလုပ်ဆောင်ချက်အဆင့်များသည် သင်၏ ဝက်ဘ် နှင့် အက်ပ် အသုံးပြုမှုများ (သင်ရှာဖွေထားမှုများ အပါအဝင်) ကို Google မှ နောက်ယောင်ခံလိုက်ခြင်းအား ရပ်တန့်စေမည်ဖြစ်သည်။ ထို့နောက် သင့်တွင်ရှိနှင့်နေပြီးသော ယခင်အသုံးပြုမှုမှတ်တမ်းများအားလုံးကိုလည်း ဖျက်ပေးမည်ဖြစ်သည်။
- အပေါ်တွင် ရှိသော bar မှ "Web & App Activity" ကို နှိပ်ပါ။
- "Web & App Activity" အား "Off" သို့ ပြောင်းပါ။
- စာလုံးအသေးဖြင့် ဖော်ပြထားသော "Delete old activity" ကို နှိပ်ပါ။
- အကယ်၍ သင့်အနေဖြင့် မတော်တဆ "Got it" ကို နှိပ်မိပါက - အောက်တွင်ဖော်ပြထားသော "Delete your activity history" ညွှန်ကြားချက်များကို ကြည့်ပါ။
- အကယ်၍ သင့်အနေဖြင့် မတော်တဆ "Got it" ကို နှိပ်မိပါက - အောက်တွင်ဖော်ပြထားသော "Delete your activity history" ညွှန်ကြားချက်များကို ကြည့်ပါ။
- အချိန်ကာလအပိုင်းအခြားအား ရွေးပါ။ ထို့နောက် "All Time" အား နှိပ်ပါ၊ သို့မဟုတ် သင်ရွေးချယ်လိုသော အချိန်ကာလအပိုင်းအခြားကို နှိပ်ပါ။
- သင်၏ အသုံးပြုမှုမှတ်တမ်းအား ဖျက်လိုသော ဝန်ဆောင်မှုများအား ရွေးပါ။
- ထို ဒေတာအချက်အလက်သည် သင် အမှန်တကယ်ဖျက်လိုသည့် ဒေတာအချက်အလက်ဖြစ်ကြောင်းကို သေချာအောင်ပြုလုပ်ပါ။ ထို့နောက် "Delete" ကို နှိပ်ပါ။
တည်နေရာမှတ်တမ်း
အောက်ပါလုပ်ဆောင်ချက်အဆင့်များသည် တည်နေရာ ကို Google မှ နောက်ယောင်ခံလိုက်ခြင်းအား ရပ်တန့်စေမည်ဖြစ်သည်။ ထို့နောက် သင့်တွင်ရှိနှင့်နေပြီးသော ယခင်တည်နေရာမှတ်တမ်းများအားလုံးကိုလည်း ဖျက်ပေးမည်ဖြစ်သည်။
- အပေါ်တွင် ရှိသော bar မှ Activity Controls တွင် "Location History" ကို ရွေးပါ။
- Location History" အား "Off" သို့ ပြောင်းပါ။
- "Pause" ကို နှိပ်ပါ။
- နောက်ထပ် ပေါ်လာသော pop-up တွင် အကယ်၍ သင့်အနေဖြင့် Google မှ သင်၏ တည်နေရာမှတ်တမ်းအား ဖျက်လိုပါက "Delete old activity" ကို နှိပ်ပါ။ ထိုကဲ့သို့ မဟုတ်ပဲ "Got it" နှိပ်ပြီး အခြား နောက်ထပ်အဆင့်များကို ကျော်သွားနိုင်သည်။
- သင်သည် စာမျက်နှာ အသစ်သို့ ရောက်သွားမည်ဖြစ်ပြီး သင့်အား လော့ဂ်ဂင် ထပ်ဝင်ခိုင်းလိမ့်မည်။
- ညာဘက် အောက် ထောင့်တွင် အမှိုက်ပုံး icon အား ရှာပါ။
- "I understand"အား အမှန်ခြစ်ပါ။ ထို့နောက် "Delete Location History" အား နှိပ်ပါ။
YouTube မှတ်တမ်း
အောက်ပါလုပ်ဆောင်ချက်အဆင့်များသည် ကြည့်ရှုမှု မှတ်တမ်း ကို Google မှ နောက်ယောင်ခံလိုက်ခြင်းအား ရပ်တန့်စေမည်ဖြစ်သည်။ ထို့နောက် သင့်တွင်ရှိနှင့်နေပြီးသော ယခင်ကြည့်ရှုမှုမှတ်တမ်းများအားလုံးကိုလည်း ဖျက်ပေးမည်ဖြစ်သည်။
- အပေါ်တွင် ရှိသော bar မှ Activity Controls တွင် "YouTube History" ကို ရွေးပါ။
- "Youtube History" အား "Off" သို့ ပြောင်းပါ။
- "Pause" ကို နှိပ်ပါ။
- "Got it" အားနှိပ်ပါ။ - အကယ်၍ သင် ဒေတာအချက်အလက် ဖျက်လိုသော ဝန်ဆောင်မှုမျာအား ရွေးချယ်ရသည့် အဆင့်တွင် "YouTube" အားရွေးချယ်ခဲ့ပါက သင့်၏ အသုံးပြုမှုမှတ်တမ်း အဟောင်းများသည် ၎င်း အဆင့်မှာကတည်းက ဖျက်ထားပြီး ဖြစ်ပါသည်။ အကယ်၍ သင် ထိုကဲ့သို့ မပြုလုပ်ခဲ့ပါက "သင့်အသုံးပြုမှုမှတ်တမ်းအားဖျက်ပါ။" သို့ ဆက်သွားပါ။
2. သင့်အသုံးပြုမှုမှတ်တမ်းအားဖျက်ပါ။
အကယ်၍ သင်အနေဖြင့် "အသုံးပြုမှုမှတ်တမ်းအား နောက်ယောက်ခံလိုက်ခြင်း ကို ပိတ်ထားပါ။" အဆင့်တွင် သင်၏ အသုံးပြုမှုများကို ဖျက်ခဲ့ပါက ယခု အဆင့်များကို ကျော်သွားနိုင်သည်။ သို့သော် သင်၏ အသုံးပြုမှုမှတ်တမ်းအား ဖျက်ချင်ပါကလည်း ဖျက်နိုင်သည်။
- myactivity.google.com သို့ သွားပါ။ - လော့ဂ်ဂင် ဝင်ထားပြီးသား မဟုတ်ပါက သင့် Google အကောင့်အား လော့ဂ်ဂင်ဝင်ပါ။
- မီနူးမှ "Delete activity by" အား ရွေးပါ။
- အချိန်ကာလအပိုင်းအခြားအား ရွေးပါ။ ထို့နောက် "All Time" အား နှိပ်ပါ၊ သို့မဟုတ် သင်ရွေးချယ်လိုသော အချိန်ကာလအပိုင်းအခြားကို နှိပ်ပါ။
- သင်၏ အသုံးပြုမှုမှတ်တမ်းအား ဖျက်လိုသော ဝန်ဆောင်မှုများအား ရွေးပါ။
- ထို ဒေတာအချက်အလက်သည် သင် အမှန်တကယ်ဖျက်လိုသည့် ဒေတာအချက်အလက်ဖြစ်ကြောင်းကို သေချာအောင်ပြုလုပ်ပါ။ ထို့နောက် "Delete" ကို နှိပ်ပါ။
Sources : Wired